THOUSANDS OF FREE BLOGGER TEMPLATES
အားလုံးး လွတ်လပ် ပျော်ရွှင် ပါစေ.... အားလုံး လွတ်လပ် ပျော်ရွှင် ပါစေ...

Wednesday, 13 September 2017

စု​ပေါင်းညီညာ

 လင်းယုန်တွေကို ကောင်းကင်မှာ မြင်မိတဲ့အခါ သူတို့နဲ့ ဆက်စပ်လို့ တွေးမိတာလေး ရှိတယ်ဗျ။ လင်းယုန် တွေဟာ ရဲရင့်တယ်။ လွတ်လပ်တယ်။ တခြားလင်းယုန်တွေနဲ့ အတူ တွဲဖက် သွားလာခြင်း မရှိပဲ တစ်ကောင်ထဲ ပျံသန်းတယ်။

ဒီလိုတွေးမိရင်းနဲ့ တခြားတစ်ဖက်မှာလဲ တလောက ဖတ်ဖူးတဲ့ ကနေဒါနိုင်ငံက ဘဲငန်းတွေအကြောင်း ဆောင်းပါးလေး တစ်ခုကို သွားသတိရ မိလိုက်တယ်။

ဘဲငန်းတွေဟာ ဆောင်းဦးရာသီ ရောက်တိုင်းမှာ အအေးဒဏ် ရှောင်ဖို့ အတွက် အမေရိကန်နိုင်ငံ တောင်ဘက်စွန်း ဒေသတွေ ဆီကို အုပ်စုဖွဲ့ ရွှေ့ပြောင်းလေ့ ရှိကြပါတယ်တဲ့။ ထူးခြားတာက ဒီဘဲငန်း အဖွဲ့လိုက်ကြီးဟာ ကနေဒါ ရေပိုင်နက်ကနေ စတင် ပျံသန်း တက်လာ တာနဲ့ ချက်ချင်း အင်္ဂလိပ် အက္ခရာ "V" ပုံသဏ္ဍာန် ဖွဲ့စည်းပြီး ပျံသန်းကြသတဲ့ဗျ။

ဒီလို ပျံသန်းရတဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေက -

(၁) ရှေ့က ဦးဆောင်ပျံသန်းတဲ့ ဘဲငန်း က တောင်ပံ တစ်ချက် ခတ် လိုက်တိုင်း ခတ်လိုက်တိုင်း နောက်ကပ်လျက်က ပျံသန်းနေတဲ့ ၂ ကောင် အတွက် ပင့်လေ ဖန်တီးပေးနေအောင် စီမံ အကွက်ချ ပျံသန်းနေခြင်း ဖြစ်ပါတယ်။ ဒီတော့ နောက်အကောင်တွေကို သက်တောင့်သက်သာ ဖြစ်စေတယ်။ ပြီးတော့ တစ်ကောင်ထဲပျံရင် ရောက်မယ့်ခရီးထက်ကို ဒီလိုပျံခြင်းအားဖြင့် အဆ ၇၀ ပိုရောက် သွားနိုင် သတဲ့။

(၂) အကယ်၍ ဘဲငန်းတစ်ကောင်ကောင်အနေနဲ့ ဟန်ချက် ပျက်ပြီး တော့ ဘေးကိုယိုင်ထွက်သွား ခဲ့မယ် ဆိုရင် တောင် မိမိရှေ့မှာ ရှိနေ သူရဲ့ ပင့်လေဟာ နောက်ကပ်လျက် ဘဲငန်းကို အားလျော့သုံးအောင် ကူညီ ဖေးမပေးနေသလို ဖြစ်ပါသတဲ့။ ဒီတော့ ဟန်ချက်ပျက်ပြီးတော့ အောက်ကိုပြုတ်ကျမယ့် အန္တရာယ်ကို ကာကွယ်ပေးနေတာပေါ့။

(၃) "V" ဆုံမှတ်နေရာက ဦးဆောင်ပျံသန်းသူက ခေါင်းဆောင်ဗျ။ ဒါပေမယ့် ဒီနေရာ က အသေမဟုတ်ဘူး။ ပင်ပန်းလာတဲ့အခါ မှာ ဒုတိယခေါင်းဆောင်တွေကို အလှည့်ကျ နေရာပေးလို့ သူကဟိုး အနောက်မှာ သွားနေပြီးတော့ အမောဖြေတယ်။ ဒီအခါမှာ ဒုတိယခေါင်းဆောင်တွေက ရှေ့တက်လို့ အနောက်က ကောင်တွေ အရှေ့က ဦးဆောင်တဲ့ နေရာဆီကို တစ်ဆင့်စီ ဝင် ဝင်လာကြ တယ်တဲ့။

(၄) နောက်ကလိုက်တဲ့ ဘဲငန်းတွေ အနေနဲ့ ဒီလိုပျံသန်းစဉ် တစ်လျှောက် ပေါ့ပေါ့ပါးပါး ပျံသန်းနေရ ပေမယ့်လို့ ခပ်ပေါ့ပေါ့ လက်လွတ်စပယ် မနေဘူးတဲ့ဗျာ။ အားလုံး လမ်းတလျှောက် တဂတ်ဂတ် နဲ့ အသံပေးလာလေ့ ရှိသတဲ့။ ဒီအသံပေးရတဲ့ ရည်ရွယ်ချက် က ရှေ့ဆုံးက အရုန်းကန်ရဆုံး အကောင်ကို အားအင် တွေ ဖြစ်လာစေသတဲ့။

(၅) အကယ်၍ ဒီလို ပျံသန်းနေတုန်း တစ်ကောင်ကောင်က ဖျားနာလို့ ဖြစ်ဖြစ် သေနတ်နဲ့ လှမ်းပစ်ခံ ရလို့ပဲ ဖြစ်ဖြစ် ဆက်မပျံသန်း နိုင်တဲ့ အခါ ဒီ အဖွဲ့အစည်းထဲက နောက်ထပ် ၂ ကောင်ကပါ မြေပြင်ကို ဆင်းလိုက် သွားသတဲ့။ ဒီထိခိုက်သွားတဲ့ ဘဲငန်း ပြန်မကောင်း လာခဲ့ရင်လဲ သေသည်အထိ အနားမှာ စောင့်ရှောက်ပေးသွားလေ့ ရှိပြီး သေသွားတော့မှသာ နောက်ထပ် ဘဲငန်းတစ်အုပ် အလာကို ထပ်စောင့်လို့ နောက်ထပ် "V" အဖွဲ့အစည်းနဲ့ အတူ လိုက်ပါသွား သတဲ့ဗျာ။

ဒီတော့ ကျွန်တော်စဉ်းစားမိတယ်။ လင်းယုန်တွေဟာ ရဲရင့်တယ်။ မှန်ပါတယ်။ ပြီးတော့ လွတ်လပ် တယ်။ ဒါလဲမှန်တယ်။ ဒါပေမယ့် ဘဲငန်းတွေရဲ့ အဖွဲ့လိုက် အားထုတ်မှုကြောင့် ရောက်ရှိတဲ့နေရာ တစ်ခုကို လင်းယုန်တွေ တစ်ကောင်ချင်းစီ ရောက် လာဖို့ ဘယ်လောက် တောင် ရုန်းကန်ကြရမလဲ။ လမ်းခရီးမှာ မိတ်ဆွေ အပေါင်းအသင်းလဲမရှိ ကူညီဖေးမပေးသူလဲ မရှိပဲနဲ့ ဘယ် နှစ်ကောင် များ သေကြေပျက်စီး ကြပြီး ပြီလဲ။ ပျံသန်းရင်းနဲ့မောပန်းလို့ ဖေးမ ပေးသူ မရှိ လက်လျှော့သွားတာရော ဘယ်လောက်တောင် များ ရှိနေပြီးပြီလဲ။

ဒီနှိုင်းယှဉ်မှုကနေ ရလိုက်တဲ့ သင်ခန်းစာလေးက.. လင်းယုန်တို့ဟာ တစ်ကိုယ်ကောင်းစိတ်ဓာတ် ပိုင်ရှင် တို့နဲ့ အလားသဏ္ဍာန်တူပြီးတော့ ငန်းတွေကတော့ အသင်းအဖွဲ့ စိတ်ဓာတ် (Teamwork) တို့နဲ့ အလားသဏ္ဍာန် တူပါလိမ့်မယ်။

ကျွန်တော်တို့တွေဟာ လုပ်ငန်းတစ်ခုကို လုပ်ကိုင် ဆောင်ရွက်ကြမယ်ဆိုရင် -

(၁) ဘဲငန်းတွေ အုပ်စုဖွဲ့ ပျံသန်းခြင်းကြောင့် ခရီးပိုဝေးဝေး ရောက်နိုင် တာကို သင်ခန်းစာယူပြီး ရေရှည်မှာ ရပ်တည်ဖို့ အတွက် ကျွန်တော်တို့ အသင်းအဖွဲ့လိုက် လှုပ်ရှားသင့်တယ်လို့ မြင်မိပါတယ်။

(၂) တစ်ကောင်ဟန်ချက်ပျက်ချိန်မှာ နောက်တစ်ကောင်ရဲ့ ပင့်လေက အကူအညီပေးတာကို သင်ခန်းစာယူပြီး အဖွဲ့အစည်းထဲက တစ်ယောက် ယောက် ဒုက္ခရောက်နေစဉ်မှာ နှစ်သိမ့်တဲ့ ပင့်လေပြေ တွေ အဆက်မပြတ် တိုက်ခတ်ပေးသင့် ပေးရပါ့မယ်။

(၃) ခေါင်းဆောင်နေရာ ဖယ်ပေးခြင်းနဲ့ အလှည့်ကျ ဦးဆောင် ရုန်းကန် ခြင်း ကို သင်ခန်းစာယူလို့ ကျွန်တော်တို့သည်လည်း မိမိရာထူး ဂုဏ် တွေ ကို မဆုပ်ကိုင်ထားပဲ သင့်တော်သူကို ချီးမြှောက်ခြင်း နဲ့ နောက် တက်လာသူကလည်း ကျရာနေရာကို အကောင်းဆုံး ပြုလုပ် သွား ရပါ့မယ်။

(၄) ဘဲငန်း အချင်းချင်း အသံပေးတာကို သင်ခန်းစာ ယူပြီးတော့ အဖွဲ့အစည်းထဲမှာ လှုပ်ရှားရုန်းကန် နေရသူတွေကို အားတက် လာအောင် ချီးမွမ်းသင့်တာ ချီးမွမ်းလို့ မြှောက်စားသင့်တဲ့အခါ မြှောက်စားလို့ လက်ခုပ်သြဘာသံတွေ ပေးနေသင့်ပါတယ်။

(၅) နာမကျန်းတဲ့ ဘဲငန်းကို အခြံအရံလုပ်ပေး ကြတာကို သင်ခန်းစာ ယူလို့ အဖွဲ့အစည်းထဲက တစ်စုံတစ်ယောက် ထိခိုက် နစ်နာတဲ့ အခါမှာလဲ တစ်ယောက်ထဲ ပစ်မထားပဲနဲ့ ရပ်တည် ကာကွယ် ပေးရပါမယ်။

အားလုံးပဲ ငန်းတို့ရဲ့ စိတ်ထားနဲ့ ထပ်တူကျကျ လှလို့ လောကမှာအောင်မြင်နိုင်ကြပါစေ။

ကြိုးကြာငှက်တွေက
ကနေဒါနိုင်ငံရဲ့ ဘဲငန်းတွေလိုပဲ
ပျံသန်းပုံချင်းတူညီနေတာကို လေ့လာမိတဲ့အတွက်
တစ်ဆက်တည်းဖော်ပြပေးလိုက်ပါတယ်။
 ဟိမဝန္တာတောင်ကို ကမ္ဘာ့အမြင့်ဆုံးတောင်လို့ လူတွေတင်စားကြပါတယ်။ "ငှက်တောင်မှ ဖြတ်ကျော်ပျံသန်းလို့မရတဲ့တောင်"လို့
လည်း ဆိုကြပါတယ်။ ဟိမဝန္တာတောင်တန်းရဲ့
အမြင့်ဆုံးတောင်ထိပ်
 ဧဝရက်တောင်ထိပ်အရောက်
တက်နိုင်ခဲ့ရင်တောင် ကြာရှည်မနေနိုင်ခဲ့ကြပါဘူး။

ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း Demoiselle ကြိုးကြာငှက် ၅သောင်းခန့်ဟာ အိန္ဒိယဖက်ဆီ ဆောင်းခိုဖို့ ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းကြပါတယ်။

ဒါဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးရွေ့ပြောင်းမှုတစ်ခုပါ။ မနက်ပိုင်းဆိုရင် တောင်ထိပ် မှာလေကြမ်းတိုက်ခိုက်ပါ တယ်။ Demoiselle ကြိုးကြာ ငှက်တွေက လုံလောက်တဲ့အမြင့်ဆီ ပျံသန်းနိုင်မှသာလျှင် လေကြမ်းကိုရှောင်နိုင်မှာဖြစ်တယ်။ ဒါပေမယ့် ပြင်းထန်တဲ့လေထုနဲ့ကြုံရင် သူတို့လမ်းကြောင်းပြန်လှည့်ရပါတယ်။ ပြန်မလှည့်ရင် သူတို့သေဆုံး ရပါတယ်။ နေ့သစ်မှာ မျှော်လင့်ချက်အသစ်နဲ့ သူတို့ပျံသန်းကြပြန်ပါတယ်။ အချင်းချင်း နီးနီးကပ်ကပ်နဲ့ ညာသံပေးပြီး ပျံသန်းကြပြန်ပါတယ်။ အစာ ရေစာချို့တဲ့လို့ သူတို့ဟာအင်အားချိနဲ့နေကြပါပြီ။ အပေါ်ဖက်ဆီထိုးတက်တဲ့ လေနွေးငွေ့ကိုအားပြု ပြီး ကိုယ့်ကိုယ်ကိုအမြင့်ကိုရောက်ဖို့ သူတို့ပျံသန်းကြပါတယ်။

Demoiselle ကြိုးကြာငှက် အများအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် ဟိမဝန္တာတောင်ကို ဖြတ်ကျော်ကြတာပါ။ တချို့Demoiselle ကြိုးကြာငှက်အတွက်တော့ ဒါဟာ နောက်ဆုံးတစ်ကြိမ်လည်း ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သားရိုင်းတစ်မျိုးဖြစ်တဲ့ golden eagle ရွှေလင်းယုန်ငှက်တွေက သူတို့ကိုဖမ်းစားဖို့ စောင့်နေကြလို့ပါ။ ရွှေလင်းယုန်တွေဟာ စုံလိုက်ဆီးစောင့်နေပြီး ငယ်ရွယ်တဲ့ Demoiselle ကြိုးကြာငှက်တွေကို အုပ်စုထဲကနေခွဲထုတ်ပစ်ပြီး သူတို့ရဲ့ချွန်ထက်တဲ့လက်သည်းနဲ့ ဖမ်းကုတ်စားသောက်ပါတယ်။ အဖွဲ့ဝင်တွေ တဖြုတ်ဖြုတ်ဆုံးရှုံးသွားတာနဲ့ကြုံရတဲ့
Demoiselle ကြိုးကြာငှက်တွေဟာ ဘာမှမတတ်နိုင်ဘဲ ဆက်လက်ပျံသန်းကြပါတယ်။

ဆိုးဝါးတဲ့ရာသီဥတု၊ ရက်စက်တဲ့ဝိုင်းအုံမှုတွေက ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းမယ့် Demoiselle ကြိုးကြာငှက်ရဲ့ဆုံးဖြတ်ချက်ကို မတွန်းလှန်နိုင်ခဲ့ပါဘူး။ အမြင့်ဆုံးတောင်ထိပ်ဆီ သူတို့တစ်ဟုန်ထိုးပျံတက်ကြတယ်။ အထူးသဖြင့် နောက်ဆုံးအမြင့်နေရာရောက်ချိန်မှာ တောင်ပံတစ်ချက်ခတ်တာတောင် သူတို့အရမ်းအားယူကြရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဟိမဝန္တာတောင်ကို သူတို့ဖြတ်ကျော်ပျံသန်းနိုင်ခဲ့ကြပါတယ်။ Demoiselle ကြိုးကြာငှက်က ကြိုးကြာငှက်မျိုးနွှယ်ထဲမှာ ခန္ဓာကိုယ်အသေးဆုံးဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာတော့ ကြီးမားတဲ့အင်အားတစ်ခုက ခိုအောင်းနေခဲ့ပါတယ်။ အဲဒီအင်အားက ကျွန်တော်တို့ကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။

ဟိမဝန္တာတောင်က "ငှက်တွေတောင် ဖြတ်ကျော်ပျံသန်းလို့မရတဲ့တောင်" မဟုတ်ဘူးဆိုတာကို Demoiselle ကြိုးကြာငှက်က ကျွန်တော်တို့ကို သက်သေပြခဲ့ပါတယ်။

ဟုတ်ပါတယ်... စိတ်မြင့်သလောက် မိုးကောင်းကင်ကြီး လိုက်မြင့်ပါတယ်၊ စိတ်ကျယ်ပြောသလောက် လောကကြီးလိုက်ကျယ်ပြောပါတယ်။ နပိုလီယံပြောခဲ့သလိုပါပဲ... "လူတစ်ယောက် ဘယ်လောက်မြင့်မြင့်ပျံသန်းနိုင်မယ်
ဆိုတာကို တခြားအကြောင်းရင်းတွေနဲ့ ဆုံးဖြတ်တာမဟုတ်ပါဘူး.. သူ့ရဲ့စိတ်နဲ့ပဲဆုံးဖြတ်ပါတယ်"တဲ့။

ဒီလောကမှာ လူအများကင်းမဲ့နေတာက စိတ်ကူးအတွေးတွေမဟုတ်ပါဘူး.. သူတို့ကင်းမဲ့နေတာက လက်တွေ့လုပ်ဆောင်တဲ့ကြိုးစားမှုနဲ့ လုံ့လပါ။ လူတိုင်းရဲ့ရှေ့မှာ ကန့်လန့်ခံနေတဲ့ "ဟိမဝန္တာတောင်"တွေ အများကြီး ရှိကောင်းရှိပါလိမ့်မယ်။ လူအများက ဒါကို ဖြတ်ကျော်ပျံသန်းဖို့ခက်ခဲနေခဲ့တာဟာ
သူတို့မှာ ကြံ့ခိုင်သန်မာမှုတစ်မျိုး၊ ဇွဲလုံ့လတစ်ခုနဲ့ တောင့်ခံမှုတစ်ခုလေးပဲ ကင်းမဲ့နေခဲ့တဲ့အတွက်ကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


မူရင်း-- ၂ဝဝ၇ခုနှစ် အမှတ်စဉ် ၁၅ Readers (DuZhe) မဂ္ဂဇင်းထဲမှာပါတဲ့ စာတစ်ပုဒ်ထဲကကောက်နုတ်ဘာသာပြန်ထားတာဖြစ်ပါတယ်။

Monday, 11 September 2017




ရခိုင်ပြဿနာက မူစလင်နဲ့ဗုဒ္ဓဘာသာမဟုတ်ပါဘူး
    မောင်းတော ဘူးသီးတောင် ရသေ့တောင် သုံးမြို့
 နယ် လူဦးရေက(၈၃၄၆၃၇) ရှိပါတယ် ။ဝိုက်ကပ်ပေး
 ထားခဲ့တဲ့ ဘင်္ဂါလီဦးရေက (၇၅၅၃၇၁) ၉၀%ကျော်
နေထိုင်ပါတယ် ။ရခိုင်ဗုဒ္ဓဘာသာနဲ့ဟိန္ဓူ ၉% လောက်
က ဟိုတစ်စု ဒီတစ်စု ပျောက်သည့် ပျောက်ကြား
ဧည့်သည်လို နေလာခဲ့ရတာကြာပါပြီ။ အခုဖြစ်တာက
အစိုးရ စစ်တပ် /ရဲ  နဲ့ARSA+ AA + IS အကြမ်းဖက်
အဖွဲ့တွေပါ ။ အဓိက အကြောင်းရင်းက လူမျိုးရေး
ဘာသာရေး မဟုတ်ပါဘူး။
၁/ AA /နဲ့ ARSA တို့က ISတွေနဲ့ပေါင်းပြီး မူးယစ်ဆေး
သယ်ပို့က ငွေရ ။
၂/ မောင်းတော ခရိုင် သုံးမြို့နယ်ကို ရခိုင်မှခွဲထွက်ပြီး
   သီးခြား ကိုယ်ပိုင် လွတ်လပ်ခွင့်  ဝ လိုနေချင်တာပါ
 မြန်မာ စစ်တပ်နဲ့ ရဲကို မောင်းထုတ်ဖို့ လုပ်လာတာပါ။
 အရင်ခေတ်တွေကတော့ ရဲ စစ်တပ် လဝက စသူ
တွေဟာ ခွဲဝေစား သင့်မြတ်နေခဲ့ကြတာပါ ။အခုအဲ
လိုမရတော့လို့ စစ်တပ် နဲ့ ရဲ ကို တိုက်လာတာပါ။
 ဘာသာရေး လူမျိုးရေးက လမ်းလွှဲ ပြတာပါ ။
 ဝ လိုနေဖို့နဲ့ (နယ်မြေကိစ္စ) နဲ့ မူးယစ်လမ်းကိစ္စက
   အဓိက ဖြစ်ပါတယ် ။

The Middle Nation

The loud ring tone of my work deck phone startled me. It was from the medical superintendent office. I instantly smelt trouble was on the way but they only wanted me to translate in Myanmar for them. It is very unusual that they ask my help for this matter because they already have an officially appointed Myanmar translator in a phone call away. I gleefully took that as an opportunity to catch up with my country man and eagerly rushed towards his cubicle. The patient was in his late sixties and beside him was a young man of early twenties who seem to be his son. At the door I met puzzled looking Myanmar translator whom I acquainted on several occasions. The patient and his son couldn’t speak a word of Burmese. Because of their look I initially guessed they were from Rachine state ( a western state of Myanmar that share Border with Bangladesh) and unfortunately they couldn’t understand any Rachine dialect. The son who was suspiciously looking at me from the beginning, whispered into to his father in Bangla ( language spoken in Bangladesh and West Bengal of India) cautioning him to be careful with me who is from Myanmar. What they didn’t know was I understand few basic words in Bangla because of my Hindu Bengali Heritage. Then I called Bangla translator who happened to be able to communicate with them. Later the Bengali translator disclosed to me that the patient was from Bangladesh and he took the Usual Pathway to get the refugee status. But he was not willing to explain to me in detail. After next few days, I was able to achieve enough rapport with the family and they explained me the meaning of the usual pathway which is in fact the biggest human migration plot in human history and it left me with disgust and sorrow for my country. It was quite understandable that Bangladeshi people wanted to migrate to Myanmar in 50s and 60s but what I had never understood was why this migration process never cease in present-day Myanmar which is not less miserable and poor as Bangladesh. In some areas we may even lag behind. The reason they came into Myanmar was to use the notoriety of Myanmar and to claim the refugee certificate. There was actually a full package deal and a migration broker made a script ready which usually depict how brutal Myanmar military and local Rachine people are. They smuggled people into Myanmar after series of bribery until they reach southern Thailand and Penang island in Malaysia where subdivision of the gang with the help of influential and clever gangsters , redistribute their people to a third country in most cases either US, UK or Australia. The destination and route are very much dependant on money you can spend and they even have their influence in both Myanmar and International authorities such as United nations. Now the country is under the democratic government ( NLD) and to use the image of the country as a bully is increasingly difficult. Once their Master plan is about to fail because of the report drafted by Kofi Annan et al they started to show their real face which is the reason for present day catastrophe happening in Rachine state. If Myanmar government and military take strong action, they will, with the help of their influence on international media and organization, paint the darker picture of “ miserable lives of Rohingya people” and could smuggled out more people from their country. Undeniably there are two communities, Muslim majority and a handful of local Rachine people staying in close proximity to each other. (Outsiders usually think Buddhists are majority and Muslims are minority but ,in reality, in Rachine state, a strip of coastal land far from other part of the country, Muslims are majority) Some of them are living in Myanmar for several generations. People from both communities were victim of poverty and poor education. Religion was time and again used by various parties to create havoc in the region. On the outside, this is a fight happening because of religious intolerance but what I understand of the situation is the interplay of over years of political mismanagement, bribery, unethical donation claiming practices of multiple NGOs, Human and drug trafficking, which makes my country, an unfortunate middle nation.

The Middle Nation


The loud ring tone of my work deck phone startled me. It was from the medical superintendent office. I instantly smelt trouble was on the way but they only wanted me to translate in Myanmar for them. It is very unusual that they ask my help for this matter because they already have an officially appointed Myanmar translator in a phone call away.

I gleefully took that as an opportunity to catch up with my country man and eagerly rushed towards his cubicle. The patient was in his late sixties and beside him was a young man of early twenties who seem to be his son. At the door I met puzzled looking Myanmar translator whom I acquainted on several occasions.

The patient and his son couldn’t speak a word of Burmese. Because of their look I initially guessed they were from Rachine state ( a western state of Myanmar that share Border with Bangladesh) and unfortunately they couldn’t understand any Rachine dialect.

The son who was suspiciously looking at me from the beginning, whispered into to his father in Bangla ( language spoken in Bangladesh and West Bengal of India) cautioning him to be careful with me who is from Myanmar. What they didn’t know was I understand few basic words in Bangla because of my Hindu Bengali Heritage. Then I called Bangla translator who happened to be able to communicate with them.

Later the Bengali translator disclosed to me that the patient was from Bangladesh and he took the Usual Pathway to get the refugee status. But he was not willing to explain to me in detail.

After next few days, I was able to achieve enough rapport with the family and they explained me the meaning of the usual pathway which is in fact the biggest human migration plot in human history and it left me with disgust and sorrow for my country.

It was quite understandable that Bangladeshi people wanted to migrate to Myanmar in 50s and 60s but what I had never understood was why this migration process never cease in present-day Myanmar which is not less miserable and poor as Bangladesh. In some areas we may even lag behind.

The reason they came into Myanmar was to use the notoriety of Myanmar and to claim the refugee certificate. There was actually a full package deal and a migration broker made a script ready which usually depict how brutal Myanmar military and local Rachine people are.

They smuggled people into Myanmar after series of bribery until they reach southern Thailand and Penang island in Malaysia where subdivision of the gang with the help of influential and clever gangsters , redistribute their people to a third country in most cases either US, UK or Australia.

The destination and route are very much dependant on money you can spend and they even have their influence in both Myanmar and International authorities such as United nations.

Now the country is under the democratic government ( NLD) and to use the image of the country as a bully is increasingly difficult. Once their Master plan is about to fail because of the report drafted by Kofi Annan et al they started to show their real face which is the reason for present day catastrophe happening in Rachine state.

If Myanmar government and military take strong action, they will, with the help of their influence on international media and organization, paint the darker picture of “ miserable lives of Rohingya people” and could smuggled out more people from their country.

Undeniably there are two communities, Muslim majority and a handful of local Rachine people staying in close proximity to each other. (Outsiders usually think Buddhists are majority and Muslims are minority but ,in reality, in Rachine state, a strip of coastal land far from other part of the country, Muslims are majority) Some of them are living in Myanmar for several generations. People from both communities were victim of poverty and poor education.

Religion was time and again used by various parties to create havoc in the region. On the outside, this is a fight happening because of religious intolerance but what I understand of the situation is the interplay of over years of political mismanagement, bribery, unethical donation claiming practices of multiple NGOs, Human and drug trafficking, which makes my country, an unfortunate middle nation.


Friday, 1 September 2017

စဉ်းစားဖို့ အချိန်​တန်​ပြီ

ငါတို့စဉ်းစားဖို့အချိန်​တန်​​နေပြီ 😌
..
..
သမီးငယ်မသီတာထွေးနဲ့
လူယုတ်မာသူခိုးတွေ

ကျောက်ဖြူ ကူမင်းပိုက်လိုင်း ရက်စွဲများ

၂၀၀၄မှာ
ချိုင်းနားက မြန်မာ့သဘဝဓါတ်ငွေ့ကို နှစ်ရှည်ဝယ်ယူဖို့ နှစ်ဦးနှစ်ဘက် သဘောတူကြတယ်

၂၀၀၇ ဧပြီမှာ
ကျောက်ဖြူ ကူမင်း ရေနံပိုက်လိုင်းနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဆွဲဖို့ အစီအစဉ်တွေဆွဲကြတယ်

၂၀၀၈ နိုဝင်ဘာမှာ
ပိုက်လိုင်းဆွဲဖို့ အစီအစဉ်တွေ အသေးစိပ် အတည်ပြုကြတယ်

၂၀၀၉ မတ်လမှာ
သဘာဝဓါတ်ငွေ့ပိုက်လိုင်းအတွက် လက်မှတ်ထိုးကြပြီး

၂၀၀၉ ဇွန်လမှာ
ရေနံစိမ်းပိုက်လိုင်းအတွက် လက်မှတ်ရေးထိုးကြတယ်

၂၀၀၉ အောက်တိုဘာ ၃၁
ကျောက်ဖြူ မဒေးကျွန်းမှာ ပိုက်လိုင်းအလုပ် စတယ်

၂၀၁၃ ဇွန် ၁၂မှာ
သဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုပြီးတယ်

၂၀၁၃ အောက်တိုဘာ ၂၁မှာ
ရခိုင်ဒေသထွက် သဘာဝဓါတ်ငွေ့ကို ပိုက်လိုင်းကနေ စပို့တယ်

၂၀၁၄ ဩဂုတ်မှာ
ရေနံစိမ်း ပိုက်လိုင်းတည်ဆောက်မှု ပြီးတယ်

.

မြစ်ဆုံဆည်တည်ဆောက်ရေး ကန့်ကွက်မှုဟာ
၂၀၁၁မှာ
မြန်မာနိုင်ငံအဝှမ်းပြန့်နှံ့သွားပြီး
တနိုင်ငံလုံးအတိုင်းအတာနဲ့ အရှိန်အဟုန်ကြီးလာတယ်

တိုင်းရင်းသားပြည်သူအားလုံးက
တဖက်သတ်ဆန်တဲ့ မြစ်ဆုံစာချုပ်အပေါ်
တအံတဩဖြစ်နေကြပြီး
ချိုင်းနားနဲ့ ချုပ်ဆိုထားတဲ့ စီမံကိန်းတွေ
စာချုပ်တွေကို သိချင်လာကြတယ်

ပြည်သူတွေရဲ့ ဝေဖန်မှုတွေကတဆင့်
မြစ်ဆုံအတွက်ဆိုရင်
တနိုင်ငံလုံးလမ်းပေါ်ထွက်လာမယ့် အနေအထားတွေကြောင့်
၂၀၁၁ စက်တင်ဘာ ၃၀မှာ
ဦးသန်းရွှေ ကျောထောက်နောက်ခံနဲ့ နေရာရလာတဲ့
သမ္မတ ဦးသိန်းစိန်ဟာ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို
ယာယီရပ်လိုက်ပါတယ်လို့ ကြေညာချက်ထုတ်ပြန်ကာ
ပြည်သူတွေကို အရှိန်သေအောင် လမ်းလွှဲခဲ့တယ်

တည်ဆောက်မှုကို လုံးဝကန့်ကွက်နေတဲ့
ပြည်သူ့ဆန္ဒကို ယာယီရပ်ဆိုင်း ဆိုတဲ့ စကားလုံးနဲ့
လမ်းလွှဲခဲ့တာဖြစ်တယ်

.

မြစ်ဆုံဆည် ကန့်ကွက်မှုကြောင့်
နိုင်ငံရေး နိုးကြားလာတဲ့ ပြည်သူတွေဟာ
စီနို မြန်မာလို့ နိုင်ငံတကာမှာ အမည်ပေးထားတဲ့
ကျောက်ဖြူ ကူမင်းပိုက်လိုင်း စာချုပ်အပေါ် အာရုံစိုက်လာကြတယ်

၂၀၁၂ ဧပြီ ၁ရက်
ကြားဖြတ်ရွေးကောက်ပွဲမှာ
ပြည်သူတွေဟာ
မဲပေးခွင့်ရတဲ့နေရာ အားလုံးမှာ
အာဏာရူးတွေကို မောင်းထုတ်နိုင်ခဲ့တယ်

ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်မှုက
ပြည်သူတွေအတွက် မတရားမှုဆန့်ကျင်ရာမှာ
စိတ်အားထက်သန်စေခဲ့တယ်

ကျောက်ဖြူ ကူမင်း ပိုက်လိုင်းစာချုပ်ထဲမှာ
မြစ်ဆုံတုန်းကလို တဖက်သတ်ချုပ်ဆိုတာတွေ
ပါနေသလား ဘာတွေပါသလဲလို့
ပြည်သူအားလုံးက သိချင်လာခဲ့တယ်

အထူးသဖြင့်
အုတ်တံတိုင်းခတ်ထားတဲ့
စစ်တပ်ဝန်းထဲမှာ နေနေရတဲ့
စစ်သည်မိသားစုတွေကြားထဲအထိ
ကျောက်ဖြူ ကူမင်းစာချုပ်အကြောင်း
ဝေဖန်ဆွေးနွေးမှုတွေ ရှိလာခဲ့တယ်

၂၀၁၂ မြန်မာ့နှစ်ဦး အတာသင်္ကြန်ပွဲတော်မှာ
ပြည်သူတွေအတွက် အမှန်တရားပြန်လာပြီ
အာဏာရူးသူခိုးတွေ မောင်းထုတ်ကြ ဆိုတဲ့
တီးတိုးပြောဆိုမှုတွေ ကျယ်လောင်လာခဲ့တယ်

.

ကျောက်ဖြူအပိုင် ရမ်းဗြဲဒေသဟာ ရခိုင်ပြည်နယ်
အလယ်ပိုင်းမှာရှိပြီး
ဘူးသီးတောင် မောင်တော ဒေသတွေနဲ့
ခရီးမိုင် ၂၀၀ကျော် အကွာအဝေးရှိတယ်

၂၀၁၂ မေလ ၂၈ရက်မှာ
ကျောက်ဖြူအပိုင် ရမ်းဗြဲဒေသ
သပြေချောင် ရွာသူ သမီးငယ် မသီတာထွေး
ကျောက်နီမော်ရွာမှာ စက်ချုပ်သွားသင်ရာက
အပြန်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး
အသတ်ခံခဲ့ရပါတယ်

၂၀၁၂ မေလ ၃၀ရက်နေ့
မသီတာထွေး ဈာပန အထိ
ရဲစခန်းက တရားခံ ၃ယောက်ကို
ဖမ်းထားတယ် ဆိုတာကလွဲပြီး သက်ဆိုင်ရာက
ရေရာတဲ့ သတင်းထုတ်ပြန်မှု မရှိခဲ့ဘူး

၂၀၁၂ မေလ ၃၁ရက်မှာ
ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုကို မကျေနပ်ကြတဲ့
ဒေသခံတွေဟာ ရမ်းဗြဲမြို့ပေါ်မှာ
အုပ်ချုပ်ရေးမှူးရုံးအထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်

အဲဒီအချိန်က နာမည်ရ သတင်းဌာနတခုရဲ့ သတင်းဖော်ပြချက်အချို့ကို
ပြန်လည်ဖော်ပြပါမယ်

" ကျွန်တော်တို့ တောင်းဆိုတာက အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ အမှန်တကယ် တရားခံ အစစ်အမှန်တွေ ဟုတ်မဟုတ် လူထုကို ပြသရန်၊ ဘာဖြစ်လို့ ဒီလိုတောင်းဆိုရသလဲ ဆိုရင် ဒီက အာဏာပိုင်တွေဟာ အမှန်

တကယ် ပြစ်မူ ကျူးလွန်သူတွေဆီက ပိုက်ဆံတွေ အမြောက်အမြား ယူပြီး သူတို့ကို မဖမ်းဘဲ ပြစ်မူ မကျူးလွန်တဲ့ သူတွေကို ဖမ်းပြီး တရားစွဲဆိုတတ်တဲ့ အကျင့်ရှိတဲ့ အတွက် ဒီလူငယ် သုံးဦးဟာ အမှန်တကယ် ပြစ်မူ ကျူးလွန်တဲ့ သူ
တွေ ဟုတ်မဟုတ်ကို သူတို့ကို သိရှိထားတဲ့ ဒေသခံ ပြည်သူတွေကို ထုတ်ဖေါ်ပြသပေးပါဆိုပြီး ပထမ အချက် အနေနဲ့ တောင်းဆိုပါတယ်။"

"ကျွန်တော်တို့ ဒုတိယ တောင်းဆိုတာက ဒေသက အာဏာာပိုင်တွေရဲ့ ဥပဒေကို မလိုက်နာတဲ့ အတွက် ခုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်။ ဒါကြောင့် အနာဂတ်မှာ ဒါတွေကို မပြုလုပ်ဖို့ တောင်းဆိုကြတယ်။
ခုလို ကြီးကျယ်တဲ့ မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ အမျိုးမျိုး နှောင့်ယှက်တာတို့၊ စော်ကားတာတို့ အကြိမ်ကြိမ် ရှိခဲ့တယ်။ ဒါကို ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေကို တိုင်ကြားကြတယ်။ ဒါပေမယ့် သူတို့က ပိုက်ဆံတွေယူပြီး အရေးမယူဘဲ လျစ်လျူရှု့ခဲ့ကြတဲ့ အတွက် အမူအငယ်ကနေ ခုလို အမူကြီးထိ ဖြစ်လာရတာ ဖြစ်ပါတယ်။ ဒါမျိုး တွေကို

အာဏာပိုင်တွေ အနေနဲ့ နောက်ထပ် မပြုလုပ်ကြဖို့ တောင်းဆိုကြပါတယ်။" ဟု သူက ပြောသည်။

ယခုအခါ ပြစ်မူကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း သိရသည်။

.

၂၀၁၂ ဇွန်လ ၃ရက် တောင်ကုတ်
မသီတာထွေး အသတ်ခံရအပြီး ၆ရက်အကြာမှာ

သံတွဲက ရန်ကုန်ကိုမောင်းလာတဲ့
ရိုးမသစ္စာခရီးသည်တင် ဘတ်စကားဟာ
တောင်ကုတ်မြို့အနီးမှာ လူအုပ်စုတစုက
ရုတ်တရက်တိုက်ခိုက်မှု ဖြစ်ခဲ့တယ်
ကားပေါ်ပါလာသူ အစ္စလာမ်ဘာသာဝင် ၁၀ဦးကို
သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တယ်

ကြိုတင်ကြံစည်မှုလား အကွက်ချစီစဉ်မှုလား
မေးစရာဖြစ်ခဲ့တယ်

.

အလေးထား စဉ်းစားရမယ့် အချက်က

တောင်ကုတ်​အုပ်စုဖွဲ့လူသတ်မှုအပြီး နောက်တရက်
၂၀၁၂ ဇွန်လ ၄ ရက်ထုတ် သတင်းစာတွေမှာ
တောင်ကုတ် အုပ်စုဖွဲ့ လူသတ်မှုနဲ့
သမီးငယ် မသီတာထွေးကို
အုပ်စုဖွဲ့ မုဒိမ်းကျင့်အသတ်ခံရမှုကို
အချိတ်အဆက်ရှိသယောင်
ဆိုက်ဝါး သတင်းဖြန့်ရေးသားမှုကို တွေ့ရတယ်

.

အဲဒီ အကြမ်းဖက်လူသတ်မှု ၂မှုအပေါ်
ရဲတပ်ဖွဲ့ရဲ့ တာဝန်ယူဆောင်ရွက်မှုတွေဟာ
မီးလောင်ရာ လေပင့် ဓါတ်ဆီလောင်းသလို ဖြစ်ခဲ့တယ်

သမီးငယ်မသီတာထွေးကို
အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်မှု အတွက်
တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးချုပ်နှောင်ထားတဲ့
လူငယ် ၃ ယောက်ဟာ
အချုပ်ထဲမှာပဲ ကိုယ့်ကိုယ်ကို သတ်သေသွားသလိုနဲ့
တရားခွင်မှာ စစ်ဆေးမေးမြန်းတဲ့ အဆင့် မရောက်ခဲ့ဘူး

ထင်သာမြင်သာတဲ့အချက်ဖြစ်တယ်

.

၂၀၁၂ ဇွန်လ ၈ရက် နေ့မှာ
မသီတာထွေး အခင်းဖြစ်ပွားရာနဲ့
ခရီးမိုင် ၂၀၀ ကျော်အကွာမှာရှိတဲ့
မောင်တောဒေသမှာ အုပ်စုဖွဲ့ အကြမ်းဖက်
မီးရှို့မှုတွေ စတင်ဖြစ်လာခဲ့ပါတယ်

မိုင် ၂၀၀ ကျော် ဝေးတဲ့နေရာမှာဖြစ်တာ

၂၀၁၂ ဇွန်လ ၁၀ရက်နေ့မှာ
ရခိုင်ဒေသကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်

စဉ်းစားစရာကောင်းတဲ့ တိုက်ဆိုင်မှုတွေဖြစ်တယ်

.

အရေးပေါ်ကာလစစ်အုပ်ချုပ်ရေးကြောင့်
ကျောက်​ဖြူဒေသ မဒေကျွန်းတဝိုက်မှာ
တည်ဆောက်နေဆဲဖြစ်တဲ့
သဘာဝဓါတ်ငွေ့ပိုက်လိုင်း
ရေနံစိမ်းပိုက်လိုင်းတည်ဆောက်မှုစီမံကိန်းကို
သွားရောက် သတင်းရယူတာတွေ
ဘယ်သူမှ မလုပ်နိုင်တော့ဘူး

ပြည်သူတွေ ကန့်ကွက်နေတဲ့
ကျောက်ဖြူ ကူမင်းပိုက်လိုင်းတည်ဆောက်မှုကို
မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြီးမြောက်အောင်
ရခိုင်အရေးအခင်းက စတေးလိုက်ရသလိုမျိုးဖြစ်တယ်

.

ပြည်သူတွေအကြား
ကျောက်ဖြူ ကူမင်းပိုက်လိုင်း
မဒေးကျွန်းတည်ဆောက်ရေး နဲ့
ရခိုင်အရေးအခင်းဆက်စပ်စဉ်းစားနေချိန်မှာ

လက်ပံတောင်းကြေးနီတူးဖော်ရေး
မတရားမှု ကိစ္စက ကြားဝင်လာပါတယ်

.

၂၀၁၂ နိုဝင်ဘာ ၂၉
လက်ပံတောင်းကြေးနီစီမံကိန်းအနီး
သပိတ်စခန်းမှာ
သံဃာတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းမှုက

ကျောက်ဖြူကူမင်း ပိုက်လိုင်းသတင်းကို
လုံးဝ အာရုံလွှဲလိုက်သလို ဖြစ်ခဲ့တယ်

၂၀၁၂ ဇွန်လဆန်းကနေ
၂၀၁၂ နိုဝင်ဘာလကုန်အတွင်း
ပြည်သူတွေကို
ရခိုင်ကနေ လက်ပံတောင်းရောက်သွားအောင်
ဇာတ်အတင်းနာ ဇတ်အတင်းကြမ်းပြီး
အာရုံရွှေ့လိုက်တာဖြစ်တယ်

ဖြစ်စဉ်တွေနဲ့ ရက်စွဲတွေကို
ဘေးချင်းယှဉ်တန်းစီချရေးလိုက်ရင်
ရှင်းရှင်းကြီးပေါ်လာလိမ့်မယ်

.

အခုလည်း
ကာလုံခေါ်ပေး
အရေးပေါ်အခြေအနေကြေညာပေး
စစ်အုပ်ချုပ်ရေးလုပ်ပေး

စတာတွေ ကြားလာရပြန်ပြီ

ရခိုင်ဒေသမှာ
ချိုင်းနားစီမံကိန်းအသစ်လုပ်ဖို့ရှိနေပြန်ပြီလား

ကျောက်ဖြူကူမင်း ပိုက်လိုင်းစာချုပ်
ဘာတွေ ထည့်ရေး ထည့်ချုပ်ထားသလဲ

ပိုက်လိုင်း နဲ့ ပိုက်လိုင်းအတွက် စီမံအုပ်ချုပ်မှုကို
ဒေသခံတိုင်းရင်းသားပညာရှင်တွေ
ဦးစီးလို့မရဘူးလား

ပိုက်လိုင်းကနေ
ဘာတွေ ဘယ်လောက်ပို့နေသလဲ
ဘယ်လို စစ်ဆေးကြမှာလဲ

ပိုက်လိုင်းဆွဲထားတဲ့ မြေတွေက
ဘယ်သူ့အပိုင်ဖြစ်သွားပြီလဲ

မြန်မာမြေကို ချိုင်းနားက
ပိုက်ဆံပေးရင် အပိုင်ဝယ်လို့ရသွားပြီလား

စာချုပ်ထဲမှာ ဘာတွေ ပါသလဲ

ချိုင်းနားနဲ့ ဘယ်နေရာတွေမှာ
ဘာတွေလုပ်ဖို့ စာချုပ်ထားတာတွေရှိသေးလား

ဝန်ကြီးဌာန စီမံကိန်းခေါင်းစဉ်မဟုတ်ပဲ
စစ်တပ်ခေါင်းစဉ်နဲ့ ရော
ချိုင်းနားနဲ့ စာချုပ်ထားတာတွေအားလုံး
ပြည်သူတွေကို ချပြ အဆုံးဖြတ်ခံသင့်တယ်

တိုင်းပြည်နိုင်ငံကို
လက်သိပ်ထိုးရောင်းစားနေတာတွေရပ်ပါတော့

နှစ်ပေါင်းများစွာ ငြိမ်သက်နေတဲ့
ရခိုင်နယ်စပ်ဒေသဟာ
လက်သိပ်ထိုးအရောင်းအဝယ်ဖြစ်အောင်
စတေးလိုက်ရတာလား

.

၂၀၁၃ ဇွန် ၁၂မှာ
သဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုပြီးတယ်

၂၀၁၃ အောက်တိုဘာ ၂၁မှာ
ရခိုင်ဒေသထွက် သဘာဝဓါတ်ငွေ့ကို ပိုက်လိုင်းကနေ စပို့တယ်

၂၀၁၃ မတ်လမှာ မိတ္ထီလာ

၂၀၁၃ ဧပြီလမှာ ဥက္ကံ

၂၀၁၃ မေလမှာ လားရှိုး

၂၀၁၃ ဩဂုတ်လမှာ ကန့်ဘလူ

၂၀၁၃ အောက်တိုဘာမှာ သံတွဲ

ဆက်တိုက်ဖြစ်ခဲ့တာတွေလေ

ဒါတွေအားလုံးဟာ တိုက်ဆိုင်သွားတာတွေပဲလား

ပြည်သူတွေ စဉ်းစားတတ်ကုန်ပြီ

သူခိုးတွေအတွက် နေရာမရှိတော့ဘူး

(ငါတို့ဘာ​တွေ​နောက်​ကျ ​နေသလဲ) ဘ​လော့မှ
T.S

(ရှယ်နိုင်ပါတယ်ကော်ပီယူနိုင်ပါတယ်)