တနေ့ ကပါ ကျနော့်သူငယ်ချင်းတယောက် နဲ့ ကျနော် စကားတွေပြောဖြစ်ကြတယ်။ ကိုယ့် နိုင်ငံ အပြင်ဘက်ကိုရောက်နေကြတဲ့ သူငယ်ချင်းတွေလေ..။ သူက ကျနော်တို့ နိုင်ငံကလည်းဗျာ... ဘာလို့များ ဒီလောက်ဆင်းရဲနေရတာလဲဗျာ..တဲ့။ ကျနော်တို့ လာအလုပ်လုပ်နေရတဲ့ နိုင်ငံဆိုရင် ကျနော်တို့ နိုင်ငံထက် ချမ်းသာနေတယ်... ဆိုပေမယ့် ဒီတိုင်ငံက ကျနော်တို့ နိုင်ငံလို ဘာမှ လဲ သဘာဝ အနေနဲ့ မထွက်ဗျာ...တဲ့။ ဒါနဲ့ပဲ ကျနော်လဲ ကျနော် ပြောတတ်သလောက်တော့ သူ့ကိုပြောလိုက်တယ်ဗျာ။
ငါတို့နိုင်ငံ ဆင်းရဲရတာ......
ငါတို့ လူမျိုးတွေ လယ်/ယာလုပ်တယ်ဆိုတာ ဒီနိုင်ငံ မှာ လုပ်နေတာနဲ့ တူလို့လားကွာ.... နွားနဲ့ မိုးထဲရေထဲမှာ အရမ်းပင်ပန်းခံ လုပ်တာမဟုတ်လား...။
ကိုနိုင်ငံထဲမှာတင်မဟုတ်ပါဘူး ပြည်ပတောင် ထွက် လုပ်ကြသေးတယ်။ ဒီတော့ တို့နိုင်ငံ ဆင်းရဲနေတာ ငါတို့ ပျင်းနေလို့ တော့ မဟုတ်ဘူးကွာ...
ငါတို့ နိုင်ငံ မြေကနေလဲ ရေနံ ၊ဓာတ်ငွေ့ နဲ့ ကျောက်သံပတ္တမြား တွေလဲ ထွက်နေတာဆိုတော့၊ ကမ်းလွန်ကနေတောင် ၊ရေနံ ဓာတ်ငွေ့ တွေ ထွက်နေတာ ဆိုတော့ ရေမြေ ညံ့လိုလဲ မဟုတ်ဘူးကွာ..
နောက်ပြီး ငါတို့ နိုင်ငံက ကုန်းလမ်းအနေနဲ့လဲ အာရှနိုင်ငံတွေ ကို အကုန်သွားလို့ ရနိုင်သလို ရေလမ်းကနေလဲ ထွက်လို့ရသေးတာဆိုတော့ လမ်းပန်း ဆက်သွယ်ရေး မကောင်းလို့ ဆင်းရဲတာလဲ မဟုတ်ဘူးကွ....လို့ ပြောလိုက်တော့ သူက စိတ်တိုလာပြီး ဟာဗျာ အကိုကလည်း အစိုးရ ဦးနှောက်မရှိလို့ လို့ တည့်တည် ပြောလိုက်ဗျာ တဲ့။
နိုး.... နိုး ကျန်သေးတယ်... ရာသီဥတု ကွ .. ငါတို့ နိုင်ငံမှာ နွေ၊မိုး၊ဆောင်း
ဆိုပြီး ရာသီတွေရှိတယ် ။ ကုန်းမြေတွေကလည်း ပင်လယ်ရေမျက်နှာပြင်နဲ့ အညီကနေ အထက် ပေ ၄၀၀၀ကျော် ၅၀၀၀ ကုန်းမြင့်တွေထိ ရှိပြနတော့ ရာသီဥတု အမျိုးမျိုးနဲ့ ရာသီဥတု ချမ်းသားတဲ့ နိုင်ငံ ပေါ့ကွာ...
ညီပြောတဲ့ အစိုးရ ကဦးနှောက်မရှိဘူးပြောရအောင်ကလည်း..... ငါတို့နိုင်ငံရဲ့ သမတ နေရာမှာ ဘယ်သူကိုမှ အနှောက်အရှက်လဲ မပေး အကူအညီလဲ မပေး ဘာမှလဲ မပြောတဲ့ လူတယောက်ကို အဲဒီ ရာထူးပေးထားမယ်ဆိုရင်တောင် ဒီလောက်မဆင်းရဲ လောက်ဘူးထင်တယ်ကွာ..
ဒီတော့ ဒီနိုင်ငံက ပြည်သူတွေ ဆင်းရဲရတာဟာ.... ဦးနှောက် ကောင်းကောင်းနဲ့ တမင် ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ နဲ့ကို လုပ်ထားလို့ကွ လို့ ပြန်ပြောလိုက်တယ်... သူက ကျနော်တို့ နားလည်အောင် ရှင်းပြပေးပါတဲ့ ။ ကျနော်လည်း နောက်ရှင်းပြပေးမယ်လို့ ပြောလိုက်တယ် ။ ကျနော် သိသရွှေ့ ပြောပြပေးရဦးမယ်ဗျ.. ကျနော့်ကိုလည်း ခင်ဗျား သိသရွှေ့ ပြောပြကြ ဦးဗျာ.. သူတို့ တွေကို ပြန်ပြောပြတဲ့အခါ ပိုပြည့်စုံအောင်ပါ....
Tuesday, 20 September 2011
ကျနော်တို့ စဉ်းစားကြရအောင်ဗျာ
Posted by moeheine at 14:56
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment