THOUSANDS OF FREE BLOGGER TEMPLATES
အားလုံးး လွတ်လပ် ပျော်ရွှင် ပါစေ.... အားလုံး လွတ်လပ် ပျော်ရွှင် ပါစေ...

Sunday, 23 October 2011

သူတို့ကျေးဇူးတွေ.....

မြန်မာတွေပြန်လာကြပါတဲ့ ဟွန်း မသိရင်သူပဲကျွေးထားတော့မယ့်အတိုင်း ပြန်ချင်တဲ့သူပြန်ကြ ငါတို့တော့ငတ်မှာကြောက်တယ်

သူကသာလာပါလာပါဆိုပြီးအရှေ့ပေါက်ကခေါ်နေတာ သွားပါသွားပါဆိုပြီး အနောက်မှာကကန်ချနေတာ တနေ့နဲ့တနေ့

ထွက်လာလိုက်ကြတဲ့ လူငယ်တွေနည်းတာမဟုတ်ဘူး မြန်မာပြည်မှာလူရောကျန်သေးလားမသိဘူး ရှိတဲ့လူငယ်တွေကိုနောက်ဆို

ပြတိုက်ထဲမှာထည့်ထားရတော့မယ် ကျနော်တို့မြန်မာပြည်ကြီးတကယ် တိုးတက်နေတာပါ ဟိ..ဟိ..လေယာဉ်ပေါ်ကိုလေ..

တချို့ဆိုရင် မလေးရှားအားမရလို့ စင်္ကာပူ ကိုရီယား အမေရိက ဆိုပြီးသွားနေကြတာ ပက်စ်ပို့ရုံးကအလှူများလုပ်လိုက်လား

ထင်မိတယ် သူများနိုင်ငံသားတွေ WORLD လှည့်နေတဲ့အချိန်မှာ ငါတို့နိုင်ငံသားတွေကworldပတ်ပြီးကျွန်ခံနေတာ ဟဲ..ဟဲ..

ဆိုးတော့မဆိုးဘူး worldပတ်တာခြင်းအတူတူပဲ သိတယ်မှတ်လားအဲ့ဒါသူ့ကျေးဇူးတွေလေ ကဲပြောကြပါအုံးလား သခင်မျိုးဟေ့ ဒို့ဗမာ (ဘယ်တုန်းကဖြစ်လိုက်တာလဲ ကျနော့် အသက်နဲ့တော့ မမှီလိုက်ဘူးဗျ...) ကျနော်လဲဗမာစစ်စစ်တယောက်ပါပဲ ... တော်ပြီဗျာ နောက်မှ ဆက်တော့မယ်...ဘိုင်... အဲ နေဦးဗျ.. စာဖတ်သူလဲWORLDပတ်နိုင်ပါစေနှော်.... ပတ်ချင်နေတယ် မှို့လား သိနေတယ်လေ.... သခင်မျိုးဟေ့ ဒို့ဗမာ တွေပဲဟာ......

0 comments: