THOUSANDS OF FREE BLOGGER TEMPLATES
အားလုံးး လွတ်လပ် ပျော်ရွှင် ပါစေ.... အားလုံး လွတ်လပ် ပျော်ရွှင် ပါစေ...

Sunday, 24 June 2012

ငါ့ Gmail account ဘယ်သူသုံးသေးလဲကွ စာမရေးဖြစ်တာ နည်းနည်းကြာသွားပြီ။ ပြန်ပြီး ရေးပါတော့မယ် … အခုပေးထားတဲ့ ခေါင်းစဉ်ကို ကြည့်တာနဲ့ ဂျီမေးလ်သုံးတဲ့လူတိုင်း သိချင်ကြမှာပါ။ သိပြီးသားလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျနော့်ကို မေးတဲ့လူ ရှိလို့ သတိရတာနဲ့ မသိသေးတဲ့ သူတွေအတွက် မျှဝေလိုက်ပါတယ်။ ဒီလိုဗျာ ကိုယ့် account ကို တစ်နည်းနည်းနဲ့ပေါ့နော် သုံးနေတဲ့ လူများရှိမလား။ ဘယ်အချိန်က ဖွင့်ခဲ့တာလည်း အဲဒါသိ ဖို့အတွက်ပါ။ လွယ်ပါတယ်။ Gmail ကို Sign In ၀င်လိုက်။ ဂျီမေးရဲ့အောက်ခြေမှာ ပြထားတဲ့ စာတန်းတွေကို တွေ့လိမ့်မယ်ထင်တယ်။ အောက်ပါပုံကို ကြည့်ကြည့်ပါ။ Image Hosting by Picoodle.com အခုအနီနဲ့ တားပြထားတဲ့ အတိုင်းဆိုရင်တော့ လက်ရှိ ကျနော့် account ကို တစ်ခြားနေရာမှာ ဖွင့်ထားတာ မရှိဘူးပေါ့ဗျာ။ နောက်ဆုံး Sign In ၀င်ခဲ့တဲ့ အချိန်နဲ့ IP Address ကိုပြနေပါလိမ့်မယ်။ အောက်က ပုံကို ထပ်ကြည့်ပါဦး … Image Hosting by Picoodle.com မင်နီတားထားတဲ့ စာကို ဖတ်တာနဲ့ သိပါလိမ့်မယ်။ အဲမှာ ပြထားတဲ့ IP Address မှာလည်း အခု ကျနော့် account ကို ဖွင့်ထားပါတယ်။ Details ဆိုတာကို နှိပ်ကြည့်ရင်တော့ နောက်ဆုံး Sign In ၀င်ခဲ့တဲ့ ၅ ကြိမ်ကို ပြပေးမှာဖြစ်ပါတယ်။ အောက်က ပုံကတော့ Details ကိုနှိပ်လိုက်ရင် ပေါ်လာမယ့် ပုံဖြစ်ပါတယ်။ (ကျနော် ကွန်ပျူတာတစ်လုံးထဲမှာ Browser နှစ်ခု ခွဲဖွင့်ထားတာပါ။ အဲဒါကြောင့် IP တူနေပါတယ်) Image Hosting by Picoodle.com အောက်ကပုံကတော့ နှစ်နေရာမှာ ဖွင့်ထားတယ် ဆိုပြနေပါတယ်။ (စုစုပေါင်း သုံးနေရာပေါ့) Image Hosting by Picoodle.com အဲဒါဆိုရင် Details မှာ အောက်ပါအတိုင်း ပေါ်ပါတယ်။ Image Hosting by Picoodle.com လက်ရှိဖွင့်ထားတဲ့ နေရာရဲ့ IP ကို * နဲ့ပြထားပါတယ်။ ဇယားရဲ့ အောက်မှာလည်း ရေးပြထားပါသေးတယ်။ ကဲဒါဆိုရင် IP ရပြီ မသုံးစေချင်ရင် ဘယ်လိုလုပ်မလဲ။ Details နှိပ်လိုက်ရင်ပေါ်လာမယ့် Box ကို ပြန်ကြည့်ပါ။ အလယ်မှာ Sign out all other sessions ဆိုတဲ့ ခလုပ်လေးတွေ့ပါလိမ့်မယ်။ အဲဒါကို နှိပ်လိုက်ပါ။ အောက်ပါ အတိုင်းထပ်ပေါ်လာပါလိမ့်မယ်။ Image Hosting by Picoodle.com မိမိ Account password သူများရသွားတာ မလုံခြုံတော့ဘူး ဆိုရင်တော့ အပေါ်က နေရာမှာ Change your password ကိုနှိပ်ပြီး password ပြောင်းနိုင်ပါတယ်။ အဲလို Sign out all other sessions ကို နှိပ်လိုက်ပြီ ဆိုတာနဲ့ မိမိ မှလွဲပြီး ကျန်တဲ့ နေရာတွေ အားလုံး Sign out လုပ်ပြီး ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် Browser နဲ့ ဖွင့်ထားတဲ့ gmail တစ်ခုလုံး ပိတ်သွားမှာတော့ မဟုတ်ပါဘူး။ Inbox ထဲက မေးလ်တွေ ဖတ်လို့ ဖျတ်လို့ ရဦးမယ်။ အခြားသော connection ထပ်မချိပ်ရတဲ့ လုပ်ဆောင်မှုများကို လုပ်နေလို့ ရပါသေးတယ်။ မေးလ် ထဲမှာပါတဲ့ Talk ကိုတော့ connection ကျနေသလို သုံးလို့ မရတော့တာ မြင်ရပါမယ်။ Image Hosting by Picoodle.com Compose mail ကိုနှိပ်ပြီး ရေးနေလို့ ရသေးပေမယ့်၊ Send နှိပ်လိုက်တာနဲ့ အောက်ပါအတိုင်းပေါ်ပြီး Sign In ထပ်ဝင်ခိုင်းမှာ ဖြစ်ပါတယ်။ Image Hosting by Picoodle.com Reload ပေးလိုက်ရင်လည်း Sign out လုပ်ပြီးသား ဖြစ်သွားပါတယ်။ password ပြောင်းသွားပြီ ဆိုရင်တော့ သူအရင်သိထားတဲ့ password နဲ့ ပြန်ဝင်လို့ မရတော့ဘူးပေါ့။ အဲ … IP ကြည့်ပြီး ဘယ်နိုင်ငံကလဲ မသိသေးတဲ့ လူတွေအတွက်တော့ IP Address သိရုံနဲ့ ဘယ်ကလဲ သိမှာမဟုတ်သေးပါဘူး။ အဲဒါဆိုရင် အောက်က လင့်ကို သွားလိုက်ပါ။ http://www.ip2location.com/ အောက်မှာပြထားတဲ့ နေရာမှာ ခုနက IP ကို ကူးထည့်ပြီး FIND LOCATION ကိုနှိပ်ရှာလိုက်ပါ။ အဲဒီ IP ရဲ့ နိုင်ငံ၊ ကုမ္ပဏီ၊ net speed အားလုံးကို ပြသပေးနိုင်ပါတယ်။ Image Hosting by Picoodle.com ဒါဆိုရင်တော့ ကို့ account ကို ဘယ်သူ ဘယ်နေ့က သုံးလဲ သိပြီပေါ့နော် …. အသုံးဝင်ကြမယ်ထင်ပါတယ်ဗျာ …. ( ကိုသံလုံငယ် မှ) အားလုံးကိုကျေးဇူးတင်ပါတယ်။

0 comments: