THOUSANDS OF FREE BLOGGER TEMPLATES
အားလုံးး လွတ်လပ် ပျော်ရွှင် ပါစေ.... အားလုံး လွတ်လပ် ပျော်ရွှင် ပါစေ...

Wednesday, 17 May 2017

DRAFT (ဆရာ မင်းလူ ထောင်ကျခဲ့ရသော ကဗျာ)

ဘာတွေဖြစ်ကုန်ကြပြီလဲ ( ၁ ) အမေကျော်ဒွေးတော်မလွမ်းရဘူးတဲ့ အဖေကျော်ပေါက်ဖေါ်လွမ်းရမယ်ဆိုဘဲ မီးတပ် ရေတပ် လေတပ် တွေဆိုလား တပ်မတော်သာလျှင်နိုင်ငံအမြတ်ကို သိမ်းကြုံးယူလိမ့်မည်ဆိုလား ကလေးတွေအော်နေတာကြားဘူးတယ် ကလေးတွေလဲမနေနိုင် န ဝ တ တဲ့ ဟား ဟား ဟား ဟား။ ဘာတွေဖြစ်ကုန်ပြီလဲ ကောလဟာလတွေကများလိုက်တာ  တစ်ယောက်မှမသေဘဲနဲ့များ ရော်ဘာဒုတ်နဲ့ရိုက် ရော်ဘာကျည်ဆန်နဲ့ပြစ် ရော်ဘာလက်နက်နဲ့ထိုးတာလေးများ အော်......ရော်ဘာခေတ်၌ဖြစ်လာရလေ ဒို့တစ်တွေမှာ....,။ ဘာတွေဖြစ်ကုန်ပြီလဲ ဗမာကိုမြန်မာပြောင်းတော့ အင်းယျားကန်ဘောင်မှာမယ်ဗမာလဲမယ်မြန်မာဖြစ် ဒို့ဗမာအစည်းအရုံးလဲ ဒို့မြန်မာအစည်းအရုံးဖြစ် မောင့်ဘက်တန်အော့ဖ်ဗားမားတောင် အသေစောလို့..။ ဘာတွေဖြစ်ကုန်ပြီလဲ ကြမ်းခင်းဈေးသုံးနှစ်နဲ့ ထောင်ဒါဏ်လေလံပြစ်ပွဲကြီးမှာ ကြက်သရေရှိတဲ့တပ်မတော်ကြီးကို မြင်ခြင်တယ်ဆိုတဲ့သူ ထောင်ဒါဏ်အနှစ်နှစ်ဆယ်ဗိုလ်စွဲသွားပြီး ဒါလေးများ ..........။ ရွှေတိဂုံဘုရားကြီးတောင် ခံဝန်ချု ပ်နဲ့စံမြန်းနေရရှာတာပါပဲ။ ဘာတွေဖြစ်ကုန်ပြီလဲ စာပေငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တဲ့လေ မျက်မှန်စိမ်းတပ်ထားသူက ဥက္ကဌ ဦးလေးတွမ်က ဒု ဥက္ကဌ အလို.......... ရေးဘော်ရေးဘက်တွေကြမ်းပိုကိုက်လို့ အိပ်မပျော်တဲ့အချိန်မှာ ခန်းဆောင်နီထဲမှာ ပန်းရောင်အိပ်မက်မက်တဲ့သူ လူတကာ ထောင် ဆုရတဲ့အချိန်မှာ သောင်းဆုယူမဲ့သူ အရိုးတောင်ကိုကျော်၍ သွေးပင်လယ်ကိုဖြတ်မည်တဲ့လား....။ ဘာတွေဖြစ်ကုန်ပြီလဲ ကြုံ တုန်းပြောရအုံးမယ် ဟိုလူကြီးနိုင်ငံရေးကအနားယူတာ မယုံကြဘူးလား......? တကယ်ပါ...... စစ်ရေးနဲ့စီးပွားရေးလောက်ကလေးဘဲ ဆုပ်ကိုင်ထားတာပါ.....။ ဘာတွေဖြစ်ကုန်ကြပြီလဲ အမျိုးသားနေ့ဦးတည်ချက်သုံးရပ်က ပင်နီမဝတ်ရ ဗိုလ်ချု ပ်ပုံမချိတ်ရ ဒို့အရေး မအော်ရတဲ့ နယ်ချဲ့လက်အောက်မှာတောင် စီတန်းကြွေးကြော်ခဲ့တယ် အော်ဟစ်ခွင့်ရှိပါလျှက်က နဲ့ ခုကြမှ အော်..... အရင်ကသူ့ကျွန်ဘဝ ခုတော့ ...ငါ့ကျွန်ဘဝကိုး....။ ဘာတွေဖြစ်ကုန်ပြီလဲ ယောလုံချည်အနက်ဝတ်လို့ ကျောင်းထုတ်ခံရတယ်တဲ့ နှစ်ပါတ်လည်နေ့မှာ ဝမ်းမနည်းရဘူးတဲ့ ကျဆုံးသွားတဲ့သူငယ်ချင်းတွေကိုသတိရရင် လွမ်းဆွတ်ခြင်းဆိုင်ရာ ဥပဒေအရ အရေးယူသတဲ့ ကျောင်းသားတွေတော်တော်ရိုင်းသတဲ့ လူကြီးကိုလူကြီးမှန်းမသိဘူးတဲ့ ဘုရားပေါ်ဘွတ်ဖိနပ်စီးတက်တဲ့သူတွေ သေနတ်ခါးမှာချိတ်ပြီး ဝါဆိုသင်္ဃန်းကပ်သူတွေကပြောတာဘဲလေ။ ဘာတွေဖြစ်ကုန်ကြပြီလဲ တစ်သက်မှာတစ်ခါသာဖတ်ရမဲ့စာအုပ်တဲ့ ရွှေမိဆေးလိပ်ကလွဲရင်မြန်မာပြည်မှာထိပ်တဲ့ ဗလာစာအုပ်ကလွဲရင်စောင်ရေအများဆုံးတဲ့ ချို င်းစာရွက်ကလွဲရင်ရောင်းအကောင်းဆုံးတဲ့။ ဘာတွေဖြစ်ကုန်ပြီလဲ မာရသွန်မိန့်ခွန်းကြီးကို ခုလိုရှည်ရှည်ဝေးဝေးပြောပြရတာကတော့ တိုတိုပြောဘို့အချိန်မရလို့ပါတဲ့ ကုန်သွယ်ရေးရုံးနဲ့ ကုန်တိုက် မှားပြောတဲ့သူကဥက္ကဌ ကိုယ်အာဏာသိမ်းတဲ့ရက်စွဲကို မေ့နေတဲ့သူက အတွင်းရေးမှူးတဲ့ အော်....ခေါင်းမရှိဘဲဦးထုပ်ဆောင်းနေကြတဲ့ ကာလကြီးပေပဲ။ ဘာတွေဖြစ်ကုန်ကြပြီလဲ ဘာတွေဖြစ်ကုန်ကြပြီလဲ ဘာတွေဖြစ်ကုန်ကြပြီလဲ။ ########################## ဘာတွေ ဖြစ်ကုန်ကြပြီလဲ ( ၂ ) အော်…… ဒုက္ခ ဒုက္ခ ... သူတို့ကြီးစိုးတဲ့ခေတ်မှာ ... အာဇာနည်ဖြစ်ရတာ မစားသာပါလားနော်။ တစ်နှစ်တစ်ခါ ၀တ်ကျေတန်းကျေ အလေးပြုခံရ ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့ တစ်လျှောက်လုံးအော်ခဲ့ပြီး မအောင်မြင်ပဲ ကျဆုံးတော့မှ ဗိုလ်ချူ ပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့ လက်ညှိုးထိုး တရားခံ လုပ်ခံရ၏ သမီးအရင်း ခေါက်ခေါက်တောင် လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။ ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး အာဇာနည်ဗိမာန်ကို လှိုင်သာယာ ပို့မပစ်တာပဲ ကျေးဇူးတင်ရမလိုလို တိုင်းပြည်ကို ချစ်သောတပ်မတော် မျိုးချစ်စိတ်ရှိသောတပ်မတော် ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော် ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော် သောက်ကျိုးနဲတော်တဲ့တပ်မတော် လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့ မြည်နေတဲ့တပ်မတော် အိမ်ယာမဲ့တွေကို ရေမီးအစုံနဲ့ ပြည်လည်နေရာချထားပေးတာကိုပဲကြည့် ဟုတ်တယ်လေ မိုးတွင်းမှာရေကြီးတယ် နွေမှာမီးလောင်တယ် ဒါက ရေမီးအစုံမဟုတ်ဘူးလား။ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့ ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ ပြီးတော့သူတို့ပဲ ၀ါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ နားမလည်နိုင်စရာ။ စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့ ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား ကြားဖူးပါတယ်အောက်မေ့နေ လက်စသတ်တော့ စတားဝါး စီမံကိန်းကို ကာကွယ်ပြောကြားသွားတဲ့ အမေရိကန် သမ္မတစကားနဲ့ သွားတူနေတာပါကလား “ ရေဂင် ” အလုံးက သူ့ပါးစပ်ထဲရောက်နေတာကိုး။ သတင်းစာဆရာကြီးများတဲ့အတိုင်း မိမိတို့အနေဖြင့် ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း ထို့ကြောင့် ဟ၀ှာပြုစေလိုကြောင်း….. သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့ ရှင်းလင်းချက်ပေါ့ ရှင်းပါတယ်နော်။ ဟိုတစ်ယောက်လေ တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး ဘာမှလည်းနားမလည်ဘဲနဲ့ အဲဒါပေါ့ လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ လာပါပြီ…. လာပါပြီ…. နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့ ဥက္ကဌတဲ့….. သူ့ရဲ့ အနှစ်သက်ဆုံးဝါသနာက မိန့်ခွန်းပြောခြင်းပါတဲ့ “ ကိုယ်မပြောချင်ဘူး ဒါပေမယ့်ပြောသင့်တာတော့ပြောမယ် အဲဒါကဘာလဲဆိုရင် ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့ မှတ်သားလောက်ပါပေရဲ့ “ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့ ဟုတ်ကဲ့ ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့ တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်ဆိုတဲ့အထဲမှာ အခြေခံဥပဒေနဲ့ အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့ အခြေခံဥပဒေဆိုတာ မာရှယ်လောဥပဒေလို ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့ အာဏာလွှဲတယ်ဆိုတာ အာဏာသိမ်းသလို ပြီးစလွယ် လုပ်လို့မရဘူးတဲ့ ဒါပေမယ့် လွှဲမှာပါ.. လွှဲမှာပါ.. ပုခက်လွှဲသလို လွှဲမှာပါ ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့် ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့ တခါလာလဲ ဒေါက်တာမောင်မောင် တခါလာလဲ ဒေါက်တာမောင်မောင် စာအုပ်ကြော်ငြာပေးတာလား ဒါဆိုဒီလိုလုပ်လေ ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင် ဆရာမောင်ဆေးနီမှုန့်တထုပ် လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား သိပ်ရောင်းကောင်းမယ်နော်။ ဒါနဲ့နေစမ်းပါအုံး မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင် သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး ရှေးက ကဗျာတပုဒ်ထဲက စာကြောင်းတကြောင်း သတိရမိတယ် “ ဘီလူးသွားကို လဖြဲ ” တည်းတဲ့ နိဂုံးချု ပ်အားဖြင့်ပြောရရင် တပ်မတော်ရဲ့ လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့ “ ဒို့အဖေကြီးမို့ကာကွယ်မလေ ဒို့အဖေကြီးမို့ကာကွယ်မလေ ဒို့အဖေကြီးမို့ကာကွယ်မလေ ” အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ…….. ...........................မင်းလူ(၁၉၈၉) Credit


0 comments: