ရယ်စရာလေးလို့ ထင်ပါတယ်ဗျာ…. အဲရှက်မယ်ဆိုလဲ ရှက်စရာပေါ့ ။ ဒါပေမယ့် ကျနော်တို့က ရွှေလူမျိုးတွေလေ ။ ရှက်စရာကို ရှက်စရာ လို့ သိတော့တဲ့လူမျိုးတွေမှ မဟုတ်တော့တာ…။ ဒါတွေကိုသာ လိုက်ရှက်နေလို့ကတော့ ကျနော် တို့ အားလုံး မျက်နှာကို စောင်အုပ်ပြီး နေ နေရတော့မှာ မဟုတ်လားဗျာ…..။ ကဲ ဒီတော့ ရှက်မနေတော့ပါဘူး ။ ရှက်မယ့်အစား ရယ်လိုက်ကြတာပေါ့ဗျာ………။ ဒီလိုဗျ………..
၂၀၀၆ ခုနှစ်ကဗျ။ ကြံခင်းမြို့နယ်က ကျနော့် သူငယ်ချင်းတွေပေါ့ဗျာ.. ။ မလေးရှား ကို ရောက်လာပါတယ်ခင်ဗျ။ စက်ရုံ တခုမှာ အလုပ် လုပ်ဖို့အတွက်ပေါ့။ ရောက်တော့ ရောက်စ မှာပဲ အလုပ်က မကောင်းဘူးဗျ။ မကောင်းလည်း လုပ်ရုံက လွဲ ပြီး ဘာတတ်နိုင်မှာ လဲ။ရောက်တဲ့ စက်ရုံက လူဟောင်းမြန်မာရယ်လို့ လဲ မရှိ ။ စကားကလည်း နားမလည် ၊ ဒုက္ခ ဆိုတဲ့ အဓိပါယ် ကိုကောင်းကောင်း သိရတဲ့ အချိန်ပေါ့။ တလလောက် အောင့်အီး သီးခံလုပ်ပြီး လခလေးရတော့ သူငယ်ချင်းတွေ စုပြီး ဖုန်လးတလုံးဝယ် အေးဂျင့် ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းလေး ပြောပြမယ် အတွေးနဲ့ ဖုန်းတလုံး ၀ယ်လိုက်ကြတယ်။နောက် အေးဂျင့်ကို ဖုန်းဆက်ကြတာပေါ့ဗျာ..။ ဖုန်ဆက်နေရင်း လိုင်းကျသွားတယ်ခင်ဗျ။ နောက်ပြန်ဆက်တယ် ။ ဟော နံပါတ်က နောက်တမျိုးဗျာ။ ပြောရင်း ရပ်သွားပြန်တယ်။ စကားဆုံးအောင်မပြောပဲ ဖုန်းချသွာတယ် ။ ဘာကောင်တွေလဲ မသိဘူး ။ အေးဂျင့် ဒေါသ ထွက်နေပြီ။ ခနပဲ ကြာတယ် ဖုန်းတခု ပြန်ဝင်လာတယ်။ ဘယ်သူလဲ ပြန်မေး လိုက်တယ် ။ခုန လူတွေပဲ။စကားပြောရင်းဖုန်းချ လိုက်ပြန်ပြီ။ ပြန်ခေါ် မရဘူး။ နောက်ဖုန်း တခုဝင်လာတယ်။ ဒီကောင်တွေပဲ…။ဒါနဲ့ မင်းတို့ဆီ ငါ လာခဲ့မယ်ဆိုပြီး နောက် တနာရီ လောက်ကြာတော့ ရောက်လာတယ်။ သူရောက်ရောက်ချင်း မေးတာက မင်းတို့က ဘာလို့ ငါပြန်ခေါ်တော့ ဖုန်းမကိုင်ပဲ တလုံးပြီးတလုံးပြောင်း ဆက်နေတာလလဲတဲ့။ ဟာ ကျနော်တို့ ဖုန်းမပြောင်းပါဘူး။ ကျနော်တို့ မှာ ဒီတလုံးပဲ ရှိတာပါတဲ။ ဒီတော့မှ ကြည့် လိုက်တော့ SIM ကာဒ် လေး ငါး ခြောက်ခုလောက် သူတို့ ထိုင်နေတဲ့ ရှေ့နား လမ်းပေါ်မှာ တွေ့ လိုက်ရတော့တယ်။ ဒီတော့မှ အေးဂျင့်က သဘောပေါက်သွားတယ်။ ဒီမှာ အဲဒီတုန်းက ဒီနိုင်ငံမှာ လိုင်းကာဒ်က ၁၀ ရင်းဂစ်။ ၈.၅၀ ရင်းဂစ်ဖိုး ပြောလို့ရတယ်လေ။ သူတို့က လိုင်းကာဒ်တွေပဲ ၀ယ်ပြီး ပါရင်းငွေလေး ကုန်လိုက် လိုင်းကာဒ်လဲလိုက် လုပ်နေကြတာ။ ဒါနဲ့ အေးဂျင့်က ဖုန်းကာဒ် တကာဒ် ၀ယ်ပေးပြီး ဘယ်လိုသုံးရတယ်ဆိုတာ သင်ခဲ့ရတယ်ဗျာ..။ ခုတော့ မလေးရှားမှာ လိုင်းကာဒ်တခု ကို ၂ကျပ်ဖြစ်ပြီး ၂ကျပ် ဖိုးတိုက်ရိုက်ပြောလို့ ရနေပြီ..။ မိမိတို့ တပ်မတော် အစိုးရ ရဲ့ မြန်မာနိုင်ငံမှာတော့ ဖုန်းလိုင်းတခုကို ၅သိန်း ဆိုလားပဲ။ အဲ ဒါမျိုး လိုင်း ၆ခုကို ကြံခင်းသား မောင် နေချို တို့ကတော့ နာရီပိုင်းအတွင်းမှာကို တခါသုံး သတ်မှတ်ပြီး လွှတ်ပစ်ခဲ့ဘူးပါတယ်ဗျ…..။( ကြံဖန် ဂုဏ်ယူလိုက်ပါသည်။ )
0 comments:
Post a Comment