သိုးဆောင်းစကားပုံ တခုရဲ့အဆိုက
လှိုင်ခေါင်းအဆုံးမှာ အလင်းတွေ့သတဲ့။
သို့ပေမယ့်
လှိုင်ခေါင်းဘယ်မှာဆုံးမယ် မသေချာ
အလင်းဘယ်ချိန်တွေ့မယ် မရေရာဘဲ
ဖွေရှာဆဲမှာ သူတို့ ကြွေလွင့်ခဲ့ကြ။
လွတ်လပ်မှုအိပ်မက်ကို ပုံသွင်းထုဆစ်
နိုင်ငံကိုချစ်လို့ အကျဉ်းသားဖြစ်ရသူတွေ
အကြမ်းဆုံးရေဆန်ကိုမာန်တင်းရင်း
ခေတ်သစ် အော့(စ်)ဝစ်(ခ်ျ)အကျဉ်းမှာ
သူတို့
ဘဝတစ်ခုလုံးရင်းခဲ့ပြီ။
ဒီအတွက်
အလင်းတွေ့ရာနေ့၇က်ဆီ
ငါတို့အားလုံး ရှေ့ဆက်ချီစို့
ခိုင်မြဲလက်တွေ ဆုပ်ကိုင်
ဝံ့ဝံ့ စားစား ရင်ဆိုင်တိုးရင်း
ငါဆို့ ရေးထိုးရမယ့် သမိုင်းသစ်ဟာ
ရှေ့မှာကြိုလင့်နေလေရဲ့။ ။
မင်းသက်စံ
Saturday, 9 July 2011
အလင်းရှာသူများ
Posted by moeheine at 08:19
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment